International News

စီးပွားဖြစ်ဖေါက်သည်များအတွက် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖြင့် အဆင့်မြှင့်တင်ပေးခြင်း

Last Updated:

ဘဏ်များအနေဖြင့် ကူးစက်ရောဂါကြောင့် လူအများအား တစ်ဉီးနှင့်တစ်ဉီး ခပ်ဝေးဝေးနေထိုင်ကြသည့် (Social Distancing) ကြားမှ စီးပွားဖြစ်ဖေါက်သည်များအတွက် အဆင်ပြေစေရေးအတွက် ဝန်ဆောင်မှုများကို ပိုမိုဖြည့်ဆည်းပေးရန်အတွက် ဒီဂျယ်တယ် ဘဏ်လုပ်ငန်းလမ်းကြောင်းသစ် (Channels) များကို ပိုမိုလက်ခံကျင့်သုံးရန် တွန်းအားပေးခဲ့ကြပါသည်။

Kasikornbank(KBank) အနေဖြင့် ဒီဂျယ်တယ်ပလက်ဖေါင်းပေါ်တွင် အခွန်ငွေတောင်းခံလွှာများ (Tax invoices) နှင့် အခွန်ငွေလက်ခံဖြတ်ပိုင်း (Tax Receipts) များအတွက် အီလက်ထရောနစ်ငွေပေးချေမှု (E-payment) ဖြင့် ဝန်ဆောင်မှုပေးမည့် ပထမဆုံးဘဏ်အဖြစ် နိုင်ငံအတွင်းပေါ်ထွက်လာခဲ့သည်ဟု ဘဏ်၏ အကြီးတန်းအမှုဆောင်ဒုတိယဉက္ကဌ Silawat Santivisat ကပြောကြားခဲ့ပါသည်။ ဘဏ်အနေဖြင့် ဝန်ဆောင်မှုကိုတိုးမြှင့်ပေးနိုင်ရန် အီလက်ထရောနစ်အရောင်းအဝယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာအေဂျင်စီ Electronic Transactions Development Agency(ETDA) နှင့် အခွန်ဌာန (revenue Department) တို့နှင့်ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တိုင်းပြည်အတွင်းအကြီးမားဆုံးငွေချေးသူနှင့် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးရာတွင် အကြီးမားဆုံးဘဏ်ဖြစ်သည့် KBank အနေဖြင့် (ETDA) ၏ စံသတ်မှတ်ချက်များနှင့် လက်ခံမှုဆိုင်ရာအချက်လက်များကို စစ်ဆေးအောင်မြင်ပြီး အခွန်ကောက်ခံသည့် အေဂျင်စီ၏စနစ်မှတစ်ဆင့်  စီးပွားရေးလုပ်ငန်းများနှင့်  အဖွဲ့အစည်းများအတွက်အခွန်ငွေတောင်းခံလွှာများ (Tax invoices) နှင့် အခွန်ငွေလက်ခံဖြတ်ပိုင်း (Tax Receipts) များအတွက် လုပ်ငန်းလိုင်စင်ကိုအခွန်ဉီးစီးဌာနမှရရှိခဲ့ပါသည်။

ဤဝန်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေသားဆိုင်ရာစီမံခန့်ခွဲမှု လိုအပ်ချက်အားလုံး၊ ငွေပေးချေမှုမှ အခွန်ပေးဆောင်မှုအထိနှင့် အခွန်ဉီးစီးဌာန၏ စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော အခွန်ငွေတောင်းခံလွှာများ (Tax invoices) နှင့် အခွန်ငွေလက်ခံဖြတ်ပိုင်း (Tax Receipts) များကို ပိုမိုမြန်ဆန်စွာထုတ်ပေးမှုများအတွက် အကူအညီဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားပါသည်။ စနစ်အနေဖြင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များအား အချက်အလက်များစီမံခန့်ခွဲမှုနှင့် (Managing Data) စက္ကူအသုံးပြုစာရွက်စာတမ်းများကိုင်တွယ်ရမှု (Paper Documents) စသည့်ပြဿနာများအပေါ် လျှော့ချရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်ပါသည်။

အဆိုပါ ဝန်ဆောင်မှုများသည် စာရွက်စာတမ်းများ တင်ပြရခြင်းနှင့်သက်ဆိုင်သော အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေလိမ့်မည်ဖြစ်ပြီး အီလက်ထရောနစ် အရောင်း အဝယ် (Electronic Transactions) များကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ စနစ်၏ ဒေတာအချက်အလက်များကို အဖွဲ့အစည်း၏အကျိုးအတွက် လုပ်ဆောင် နိုင်ပြီး အီလက်ထရောနစ် အချက်အလက်နှင့်ပတ်သက်သော ဉပဒေဆိုင်ရာတာဝန်ဝတ္တရားများကို ယုံကြည် စိတ်ချရမှုနှင့်လည်းပြည့်စုံစေမည်ဖြစ်ပါသည်။

ဒီဂျယ်တယ်ပလက်ဖေါင်းပေါ်ရှိစီးပွားရေးလုပ်ငန်းများအတွက်  အဆင်ပြေလွယ်ကူမှုရှိစေရန်နှင့် လုံခြုံမှုရှိစေရန် TMB ဘဏ်မှ ဒီဂျယ်တယ်ငွေတောင်းခံလွှာနှင့် အွန်လိုင်း ငွေပေးချေမှုဝန်ဆောင်မှုများကို စတင်မိတ်ဆက်လွှင့်တင်ခဲ့ပါသည်။ ဒီဂျစ်တယ်ဝန် ဆောင်မှုများသည် ကပ်ရောဂါဖြစ်နေစဉ်တွင် အစိုးရ၏ လူခြင်းခပ်ခွာခွာနေထိုင်ရန် မူဝါဒများအပေါ် အထောက်အကူဖြစ်စေပါ သည်။ အကြောင်းမှာ ၎င်းအနေဖြင့် ဘဏ်၏ ငွေသားကိုင်တွယ်မှုသုံးစွဲမှုကို လျှော့ချနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကိုလည်း လျှော့ချနိုင်ခြင်း၊ ဗိုင်းရပ်ကူးစက်နိုင်သည့် အခွင့်အလမ်းကိုလည်း လျှော့ချနိုင်ခြင်းကြောင့်ဖြစ်ကြောင်း TMB ၏ စီးပွားဖြစ်ဒီဂျယ်တယ်ဆန်းသစ်တီထွင်မှု ထုတ်ကုန် ဆိုင်ရာအကြီးအကဲ Kanokwan Phetpisittchot ကပြောကြားခဲ့ပါသည်။

ဒီဂျယ်တယ်ဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းရှင်များကို ဖေါက်သည်တစ်ဉီးချင်းစီမှ ငွေပေးချေမှုမြောက်များစွာကို လက်ခံရရှိစေနိုင်ပါသည်။ အထူးသဖြင့် ကျောင်း များ၊ ဆေးရုံများ၊ ကွန်ဒိုမီနီယံများမှ တရားဝင်ပုဂ္ဂိုလ်များ၊ စီးပွားရေးနှင့်သက်ဆိုင်သော အသင်းဝင်များ၏ အသင်းကြေးများနှင့် ၎င်းတို့၏ ဝန်ထမ်းများနှင့် ဖေါက်သည် များဖြစ်ပါသည်။

ဒီဂျစ်တယ်ပလက်ဖေါင်းပေါ်မှ အချက်အလက်များသည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအား အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (Data Analysis)၊ စီးပွားရေး လုပ်ငန်းများကို တိုးတက်ကောင်းမွန်စေခြင်း (Improving) နှင့် စီးပွားရေးအခွင့်အလမ်းများကိုပိုမိုပေးဝေစေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိသင့်ကြောင်း သူမက ပြောကြား ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News